write.as

လမင်းနဲ့တူတဲ့(သူမ)ကိုချစ်ရတာ.. ကျွန်တော်သိပ်ပင်ပန်းတယ်..။ ညဖက်ရောက်တိုင်း ကြယ်တာရာတွေနဲ့အတူတူခြံရံပြီး.. ဟိုး..မိုးကောင်းကင်ထက်မှာ.. အလင်းလက်ဆုံးတောက်ပနေလိုက်တာ.. ကျွန်တော်ကတော့.. သူမ မမြင်နိင်တဲ့ တစ်နေရာကနေ မော့ကြည့်ရင်းနဲ့ပေါ့.. အလင်းရောင်ကွယ်ပျောက်သွားချိန်မှ.. လမင်းကို သတိရကြတဲ့ လူတွေရဲ့ ဟန်ဆောင်မှုတွေအပေါ်မှာ.. (သူမ)က ပျော်နေလိုက်တာများ.. လမင်းကို ကျွန်တော်သိပ်ချစ်မိတယ်.. သူများတန်းတူ ညရောက်လို့ မြင်နိင်ခွင့်ရပေမယ့်လည်း.. မနက်မိုးသောက်လို့.. နေမင်းစိုးစံနေတဲ့ အချိန်အတွင်းမှာလည်း.. ကျွန်တော်သူမကို မြင်ချင်တွေ့ချင်ခဲ့တာ.. အတ္တကြီးတယ်လို့ပြောချင်ပြောပါစေ.. လမင်းကို ကျွန်တော်တစ်ယောက်တည်းကပဲ ပက်သက်ခွင့်ရချင်ခဲ့တာ.. လမင်းဘေးမှာအမြဲရှိခွင့်ရတဲ့ ကြယ်တာရာတွေကိုလည်း မုန်းတယ်.. ကျွန်တော့်ခံစားချက်ကို မသိတဲ့ လမင်းကိုလည်း မုန်းတယ်.. လမင်းကိုမှ ချစ်မိတဲ့.. ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်.. မုန်းတယ်..အရာအားလုံးကိုမုန်းတယ်.. အမုန်းရဲ့တစ်ဖက်မှာ ဘာရှိလည်းတော့ မသိဘူး.. လမင်းမရှိတဲ့ မဟူရာည(လကွယ်ည)တွေမှာ ကျွန်တော်သူမကို လွမ်းနေခဲ့ဖူးတယ်.. သူမ ရှိနေလို့ ရှင်သန်နေရခြင်းအတွက် ပျော်ရွင်ခဲ့ဖူးတယ်.. ဘဝရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ခဲ့ဖူးတယ်.. ဒါပေမယ့်လည်း.. လမင်းနဲ့ကျွန်တော်တို့ အချစ်ရေးကဝေးလွန်းပါတယ်.. မဖြစ်နိင်တာဆိုရင် ပိုမှန်မလားပဲ.. လမင်းလေးရေ.. ကောင်းကင်မှာ.. ကြယ်တာရာတွေနဲ့အတူ ပျော်ရွင်ပါစေကွာ.. ငါ မင်းကို မေ့ပစ်လိုက်ပြီဆိုပေမယ့်လည်း.. ညရောက်လို့..အမှတ်မထင်ကောင်းကင်ကို မော့ကြည့်မိတဲ့အခါတိုင်း.. မင်းရဲ့..အလင်းလက်ဆုံးတောက်ပနေတဲ့ အပြုံးတွေသာ မြင်ခွင့်ရချင်မိပါရဲ့..။ ။